Wednesday 2 July 2014

မိတ်ဆွေစစ် ဆိုသည်မှာ

*မိတ်ဆွေစစ်ဆိုတာ
  စာလွှာကိုပါး
  အသံကြားလျှက်
  မျက်နှာတွေ့မှ
  မြင်ခွင့်ရတာ မဟုတ်ပါ။

*ဖဝါးခြေထပ်
  လိုက်ပါတတ်မှ
  ခင်ခွင့်ရတာ မဟုတ်ပါ။

*ကိုယ့်ရဲ့အကြိုက်
  သူလိုက်ကြိုက်မှ
  ခင်မင်ထိုက်တာ မဟုတ်ပါ။

*ကိုယ့်ရဲ့သဘော
  သူလိုက်ပြောမှ
  ခင်မင်ရမှာ မဟုတ်ပါ။

*သူ့ရဲ့စကား
  နှလုံးသားက
  မြစ်ဖျားခံလာ
  စေတနာနှင့်
  ပြောသင့်တာပြော
  ဆိုသင့်တာဆို
  စေတနာပိုကာ
  ပြောလာလျှင်လည်း
  မိတ်ဆွေဘဲလို့ မြင်ပါတယ်။

*ဤလူ့ဘုံမှာ
  ကြုံဆုံဒုက္ခ
  ခံ ခဲ့ ရ မှ
  မျှတတဲ့စိတ်
  ကူညီစိတ်နဲ့
  မိတ်ဆွေတန်ဘိုး နားလည်မယ်။

*တွဲသောလက်တွေ
  မဖြုတ်လေနဲ့။

*စိုသောလက်တွေ
  မခြောက်စေနဲ့။

*လူပေါင်းမြောက်များ
  ရှိထားပါလည်း
  မိတ်ဆွေစစ်ဆိုတာ ရှားပါတယ်။

*အမုန်းတွေပါတဲ့
  အပြုံးအတုတွေကြား
  နှလုံးသားမပါတဲ့
  မုသားစကားတွေနဲ့
  လောကလူသားများကြားမှာ
  မိတ်ဆွေစစ်ဆိုတာများ
  သင့်ရဲ့အနား ရှိထားခဲ့မယ်ဆိုရင်
  အဲဒီအရာများဟာ
  သင့်ကိုယ်ပွားသာ မှတ်လိုက်ပါ။

*မိတ်ဆွေစစ်နဲ့
  သူငယ်ချင်းကောင်း
  သင်ပေါင်းကြည့်ရင်
  သိလိမ့်မယ်။

***************************
‪#‎နေထွန်း‬#

No comments:

Post a Comment