Saturday 5 July 2014

တရုတ်နံနံ၏ ကျန်းမာရေး အာနိသင်များ

တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

တရုတ်နံနံရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။

(၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။

(၂) တရုတ်နံနံမှာ အင်တီ အောက်ဆီးဒင့်တွေ အများအပြား ပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

(၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြော တစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

(၄)တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိ ပေးနိုင်ပါတယ်။

(၅)တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေ အက်ဆစ်ရည် ထွက်စေကာ သွေးတွင်း ကိုလက် စထရော အဆင့်ကို လျော့ကျ စေပါတယ်။

(၆)တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်ရေးမှာ အစွမ်းထက် ပါတယ်။

(၇) တရုတ်နံနံက ခေါင်းတစ်ခြမ်း ကိုက်တာကိုလည်း သက်သာ စေပါတယ်။

(၈) တရုတ်နံနံမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

(၉) တရုတ် နံနံစေ့တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတဲ့ ဆီးသွားစေတဲ့ အစွမ်းထက် အာနိသင် ရှိပါတယ်။

(၁ဝ)တရုတ်နံနံမှာ အကိုက်အခဲပျောက်စေ၊ ရောင်ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်း တွေများစွာ ပါဝင်တာကြောင့် ဆီးအိတ် ပိုးဝင်မှုကို ကုသနိုင်တာ ဖြစ်ပါတယ်။

(၁၁) တရုတ်နံနံမှာ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်တွေ ရှိတာကြောင့် အဆစ် ရောင်နာတွေလို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

(၁၂) တရုတ်နံနံမှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျရေးမှာ အရေးပါပါတယ်။

(၁၃) တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုး နံတာကို သက်သာ စေပါတယ်။

----------------
ကြယ်စင်

ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ်ဘာသာပြန်)


ပဋ္ဌာန်း ၂၄-ပစ္စည်း (အင်္ဂလိပ် ဘာသာပြန်)။

***** * * * * * * * * * * * * ** * * * * *
၁။ ဟေတု ပစ္စယ=The relation way of root.

၂။ အာရမ္မဏ ပစ္စယ=The relation of object.

၃။ အဓိပတိပစ္စယ=The relation of dominance.

၎။ အနန္တရ ပစ္စယ=The relation of contiguity.

၅။ သမနန္တရ ပစ္စယ=The relation of immediate contiguity.

၆။ သဟဇာတ ပစ္စယ=The relation of Coexistence.

၇။ အညမည ပစ္စယ=The relation of reciprocity.

၈။ နိဿယ ပစ္စယ=The relation of dependence.

၉။ ဥပနိဿယ ပစ္စယ=The relation of Sufficing condition.

၁၀။ ပုရေဇာတ ပစ္စယ=The relation of pre-existence.

၁၁။ ပစ္ဆာဇာတ ပစ္စယ=The relation 0f post-existence.

၁၂။ အာသေ၀န ပစ္စယ=The relation of habitual recurrence.

၁၃။ ကမ္မ ပစ္စယ=The relation of Kamma.

၁၄။ ၀ိပါက ပစ္စယ=The relation of effect.

၁၅။ အာဟာရ ပစ္စယ=The relation of food.

၁၆။ ဣန္ဒြိယ ပစ္စယ=The relation of control.

၁၇။ ဈာန ပစ္စယ=The relation of jhana.

၁၈။ မဂ္ဂပစ္စယ=The relation of path.

၁၉။ သမ္ပယုတ္တ ပစ္စယ=The relation of association.

၂၀။ ၀ိပ္ပယုတ္တ ပစ္စယ=The relation of dissociation.

၂၁။ အတ္ထိ ပစ္စယ=The relation of presence.

၂၂။ နတ္ထိ ပစ္စယ=The relation of absence.

၂၃။ ၀ိဂတ ပစ္စယ=The relation of abeyance.

၂၄။ အ၀ိဂတ ပစ္စယ=The relation of continuant

-------------------------
ဆလိုင်း ဒီဆောင်း

Thursday 3 July 2014

ချစ်ခြင်းအားဖြင့်

•• ရင် မှာ ချစ် ခြင်း

    နှောင် တွယ် တင်း ၍
   
    ချမ်း မြေ့ ကြည် နူး

    သူ တစ် ဦး သာ

    ရင် မှာ ထာ ဝ ရ
   
    တစ် ဘ ဝ ဖြင့်
   
    ချစ် လို့ မ ဝ

    ချစ် ရ တဲ့ သူ
 
    အ ပူ ငြိမ်း ပျောက်

    ရင် ထဲ ရောက် သူ

    မိုး အောက် မြေ ပြင်

    ရင် ထဲ ရှိ သူ

    သူ သိ လေ မ လား

    နှ လုံး သား ထဲ

    ကြင် နာ ကဲ ၍

    မေ့ မ ရ အောင်

    စွဲ လမ်း နှောင် ရစ်

    ချစ် ရ တဲ့ သူ

    ချစ် သူ လို တစ် မျိုး

    ရင် မှာ တိုး လို့

    အော် ---------

    ရ နံ့ သင်း ထုံ

    ပန်း မျိုး စုံ အလယ်

    တင့် တယ် ရှု မော

    အ လှ တော မှာ

    သော က အ ပူ

    ရှိ မ နေ စေ ကြောင်း

    ဆု ချွေ တောင်း ၍

    ကောင်း ကင် ဘုံ မြင့်

    ထား ချစ် ချင် သည်

    ရင် မှာ ဖြစ် သော ချစ် ခြင်း အား ဖြင့်……

******************************
    Nay Tun

Wednesday 2 July 2014

မိတ်ဆွေစစ် ဆိုသည်မှာ

*မိတ်ဆွေစစ်ဆိုတာ
  စာလွှာကိုပါး
  အသံကြားလျှက်
  မျက်နှာတွေ့မှ
  မြင်ခွင့်ရတာ မဟုတ်ပါ။

*ဖဝါးခြေထပ်
  လိုက်ပါတတ်မှ
  ခင်ခွင့်ရတာ မဟုတ်ပါ။

*ကိုယ့်ရဲ့အကြိုက်
  သူလိုက်ကြိုက်မှ
  ခင်မင်ထိုက်တာ မဟုတ်ပါ။

*ကိုယ့်ရဲ့သဘော
  သူလိုက်ပြောမှ
  ခင်မင်ရမှာ မဟုတ်ပါ။

*သူ့ရဲ့စကား
  နှလုံးသားက
  မြစ်ဖျားခံလာ
  စေတနာနှင့်
  ပြောသင့်တာပြော
  ဆိုသင့်တာဆို
  စေတနာပိုကာ
  ပြောလာလျှင်လည်း
  မိတ်ဆွေဘဲလို့ မြင်ပါတယ်။

*ဤလူ့ဘုံမှာ
  ကြုံဆုံဒုက္ခ
  ခံ ခဲ့ ရ မှ
  မျှတတဲ့စိတ်
  ကူညီစိတ်နဲ့
  မိတ်ဆွေတန်ဘိုး နားလည်မယ်။

*တွဲသောလက်တွေ
  မဖြုတ်လေနဲ့။

*စိုသောလက်တွေ
  မခြောက်စေနဲ့။

*လူပေါင်းမြောက်များ
  ရှိထားပါလည်း
  မိတ်ဆွေစစ်ဆိုတာ ရှားပါတယ်။

*အမုန်းတွေပါတဲ့
  အပြုံးအတုတွေကြား
  နှလုံးသားမပါတဲ့
  မုသားစကားတွေနဲ့
  လောကလူသားများကြားမှာ
  မိတ်ဆွေစစ်ဆိုတာများ
  သင့်ရဲ့အနား ရှိထားခဲ့မယ်ဆိုရင်
  အဲဒီအရာများဟာ
  သင့်ကိုယ်ပွားသာ မှတ်လိုက်ပါ။

*မိတ်ဆွေစစ်နဲ့
  သူငယ်ချင်းကောင်း
  သင်ပေါင်းကြည့်ရင်
  သိလိမ့်မယ်။

***************************
‪#‎နေထွန်း‬#

ဘဝကိုရင်း၍ လောင်းကြေးထပ်ကျသူများ

သင့်မေမေဟာ သင့်ကို သူမရဲ့ဝမ်းဗိုက်ထဲမှာ ကိုးလလွယ်ခဲ့ရတယ်။

သူမဟာ လေးလကြာအောင် ပျို့အန်ခဲ့ရတယ်။

သူမ ခြေထောက်တွေ
ဖောရောင် ခဲ့တယ်။

သူမ အရေပြားတွေ ဆွဲဆန့်ခံခဲ့ရတယ်.။

သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ရတယ်။

သူမ နည်းနည်းလေးလှုပ် ရှားတိုင်း အသက်ရှူမ၀ ဖြစ်ခဲ့ရတယ်။

သူမ အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတယ်။

သင့်ကို လူ့လောကထဲရောက်လာအောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ သူမ ရုန်းကန်ခဲ့ရတယ်။

အဲဒီနောက်မှာ သူမဟာ သင့်ရဲ့..

သူနာပြုဆရာမ

စားဖိုမှူး

အိမ်ဖော်

ဆရာမ ဖြစ်ခဲ့တယ်။

သူမဟာ သင့်အတွက်…ရုန်းကန်ခဲ့ရတယ်။

ငိုခဲ့ရတယ်။မျှော်လင့်ခဲ့ရတယ်။

ဆုတောင်းခဲ့ရတယ်။ဆုံးရှူံးခံခဲ့ရတယ်

အများစုဟာ မိခင်တွေကို မြင်ခွင့်ရခဲ့တယ်။

လောကမှာ
မိခင်တွေကို ဆုံးရှုံးခဲ့ရသူတွေ၊ မိခင်တွေကို လုံးဝမြင်တွေ့ခွင့်မရခဲ့တဲ့သူတွေလည်း ရှိကြတယ်။

တကယ်လို့ သင့်မှာ မိခင်တစ်ယောက်ရှိသေးတယ်ဆိုရင် သင်ဟာ အရမ်း ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်။

သူမကို ဘယ်တော့မှ တန်ဖိုးလျှော့မတွက်ပါနဲ့။
ဘယ်တော့မှ မ မေ့လျော့လိုက်နဲ့
ဘယ်တော့မှ မျက် ကွယ်မပြုလိုက်နဲ့။

တစ်နေ့မှာ သင်ဟာ လောကကနေ
ပျောက်ကွယ်သွားနိုင် တဲ့ သူမကို တမ်းတနေရမှာ မို့လို့ပါ။
………………………………………………………
အသက် ( 1 )နှစ်အရွယ်
သင့်ကို ဂရုစိုက်ဖို့ သူ အိပ်ရေးပျက်ခံခဲ့ရတယ်

အသက် 5 *နှစ်အရွယ်ရောက်လာတဲ့ သင်ကျောင်းတက်ဖို့
သူ့အကြိုက်တွေကိုလျှော့ ခဲ့ရတယ်

အသက် 17*နှစ်အရွယ့်
သင့်ပညာရေး လမ်းဖြောင့်ဖို့
သူတသက်လုံးစုခဲ့တာတွေကို ပုံအောခဲ့ရတယ်

အသက် *22*အရွယ်ရောက်နေတဲ့
သင့်အတွက် အလုပ် ရဖို့
သူလုပ်အားမလျော့ပဲ အလုပ် ကိုပိုလုပ် ရပြန်တယ်…

သင် လူရာဝင် ဖို့
သူ အကြိုက်တွေ လျော့ခဲ့တယ်
သင် နောင် ရေးကောင်းဖို့
သူ ကျန်းမာရေးတွေ ဆုံးရှူံးခဲ့တယ်…

အဲဒီသူကို အ ဖေ လို့ခေါ်တယ်
တကယ်တော့ အ ဖေ ဆိုတာ သားသမီးတွေရဲ့ လမ်းပြပါ
သားသမီးတွေရဲ့ ရှေ့ဆောင် ပါ
တနေ့မှာ လမ်းပြရဲ့ တန်ဖိုးကို သိလိုက်မိချိန်မှာ
အရာအားလုံးနောက်မကျသေးဖို့
အ ရေးကြီးပါတယ်

Credit to ငြိမ်းလဲ့